ပညာသင်ယူခြင်းနှင့်သတိပဌ္ဋာန်ကျင့်စဉ်
ဆောင်းပါးရှင်- ပါမောက္ခဒေါက်တာမောင်
သင်ယူခြင်းနှင့်အာရုံစူးစိုက်မှု
==================
စာရေးသူသည်ဆေးကျောင်းသားများအား ၁၉၈၂ ခုနှစ်မှစ၍စာသင်ပေးနေသည်မှာယနေ့ထက်တိုင်ဖြစ်သည်။”စာသင်နေစဉ်အာရုံစိုက်ကြပါ”ဟူသောစကားကို စာသင်ခန်းတွင်ပြောခဲ့မိသော အကြိမ်ပေါင်းမှာ မရေမတွက်နိုင်တော့ပါ။သို့ရာတွင်မည်သို့အာရုံစိုက်ရမည်ဆိုသည်ကိုမူ တစ်ကြိမ်တစ်ခါမျှ မပြောမိခဲ့ပါ။
သင်ယူခြင်းနှင့် အာရုံစူးစိုက်ခြင်းတို့သည် ပြိုင်တူဖြစ်ပေါ်သော ဖြစ်စဉ်များဖြစ်သည်။သင်ယူရန်အာရုံစူးစိုက်မှုလိုအပ်သလို အာရုံစူးစိုက်မှုမရှိလျှင် သင်ယူခြင်းလည်းမဖြစ်နိုင်ချေ။
ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အသိဉာဏ်၊အမူအကျင့်နှင့်ကိုယ်ရည်ကိုယ်သွေးတို့ ပြောင်းလဲစေရန်ဖြစ်သည်။လေ့လာသင်ယူခြင်းတွင် အခြေခံရည်မှန်းချက်နယ်ပယ် သုံးရပ်ရှိသည်။အသိပညာပြောင်းလဲလာစေခြင်း၊အတတ်ပညာကျွမ်းကျင်လာစေခြင်း၊အတွေးအခေါ်နှင့်ခံယူချက်ပြောင်းလဲလာစေခြင်းတို့ဖြစ်သည်။သတ်မှတ်ထားသောအချိန်အတွင်း သတ်မှတ်ထားသော ပြောင်းလဲချက်များဖြစ်ပေါ်လာစေရန် သင်ကြားရေးနည်းလမ်းများကို သင့်လျော်သလိုအသုံးပြုရပြီး ရည်မှန်းချက်အောင်မြင်ခြင်း ရှိ၊မရှိကိုဆန်းစစ်ချက်အမျိုးမျိုးတို့သုံးပြီး ဆန်းစစ်ရသည်။
ထိုဖြစ်စဉ်သည် ကျောင်းသားတစ်ဦးဖြတ်သန်းရမည့် ပညာရေးဖြစ်စဉ်ဖြစ်သည်။အဆင့်မြင့်ပညာများကို သင်ယူနေသောကျောင်းသားတစ်ဦးအဖို့ ဖိစီးမှု အလွန်ကြီးမားသောဖြစ်စဉ်လည်း ဖြစ်သည်။အာရုံစူးစိုက်မှုမရှိဘဲ မည်သို့မျှ မကျော်လွှားနိုင်ပေ။
ကျောင်းသားတစ်ဦး၏ဘဝသည် အာရုံစူးစိုက်မှုကို ဟန့်တားနှောက်ယှက်နေသော အကြောင်းအရာများနှင့်ပြည့်နှက်နေ၏။စိတ်ဖိစီးမှု၊စိတ်အလိုမကျမှု၊စိုးရိမ်သောက၊စိတ်ဓာတ်ကျခြင်း၊စိတ်အားထက်သန်မှုမရှိခြင်း၊ပတ်ဝန်းကျင်နှင့်သဟဇာတ မဖြစ်ခြင်း၊ကျရှုံးခြင်းကိုခံနိုင်ရည်မရှိခြင်း၊တည်ငြိမ်သော စိတ်ဓာတ်မရှိခြင်း နှင့်စွဲလမ်းခြင်းဆိုင်ရာကြောင်းကိစ္စ တို့သည် အဓိကအကြောင်းများ ဖြစ်ကြသည်။
ထိုအကြောင်းအရာများသည် အာရုံစူးစိုက်မှုကို တားဆီးနေကြသော စိတ်၏အညစ်အကြေးများဖြစ်ကြသည်။မည်သို့ဖြတ်သန်းကျော်လွှားမည်နည်း။
စိတ်၏အညစ်အကြေးများကိုဖယ်ရှားသုတ်သင်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သတိပဌ္ဋာန်မှတစ်ပါး အခြားမရှိပေ။
အနောက်တိုင်းမှ သတိပြုမိလာသော သတိပဌ္ဋာန်
================================
ကမ္ဘာ့အရှေ့ခြမ်းရှိ ဗုဒ္ဓဘာသာနိုင်ငံများသည် သတိပဌ္ဋာန်ကျင့်စဉ်၏တန်ဖိုးနှင့် အကျိုးကျေးဇူးကို အစဉ်အလာအရတန်ဖိုး ထားကြသည်။
သို့ရာတွင် အနောက်တိုင်းနိုင်ငံများသည် မကြာသေးသောအချိန် လွန်ခဲ့သော ၃၅ နှစ်ခန့်မှစ၍ ထိုတန်ဖိုးကို စတင်သတိပြုမိလာကြသည်။
အမေရိကန်နိုင်ငံ မက်ဆာချူးဆက်တက္ကသိုလ်၏ပါမောက္ခ ဒေါက်တာဂျွန်ကာဘတ်သည် ၁၉၇၉ ခုနှစ်တွင် သတိပဌ္ဋာန်နည်းဖြင့် စိတ်ဖိစီးမှုကို ဖြေလျှော့နိုင်ကြောင်း ဖေါ်ထုတ်တင်ပြခဲ့သည်။ထိုနည်းကို
Mindfulness Based Stress Reduction (MBSR)ဟုအမည်ပေးပြီးပေါ်လာသမျှအာရုံတို့ကို အဆိုး အကောင်း မဝေဖန်ဘဲ သိနေအောင် အားထုတ်စေခြင်းဖြစ်သည်။ခန္ဓာကိုယ်ကို ရှုမှတ်ခြင်းနှင့် ယောဂကျင့်စဉ်တို့ကိုပေါင်းစပ်ထားသည်။ဆယ်နှစ်မျှကြာသောအခါ ထိုနည်း၏ထိရောက်မှုကိုတွေ့ရှိလာကြပြီး ယင်းတက္ကသိုလ်၌ သတိပဌ္ဋာန် ဌာနတစ်ခုထူထောင်လိုက်ကြသည်။
ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ဒေါက်တာဆီးဂဲလ်နှင့်အဖွဲ့သည် ၁၉၉၂ ခုနှစ်တွင်စိတ်ကျရောဂါသည်များအား သတိပဌ္ဋာန်ကိုအခြေခံသောနည်းဖြင့် အောင်မြင်စွာကုသပေးခဲ့ပြီး ထိုနည်းကို Mindfulness Based Cognitive Therapy (MBCT) ဟုခေါ်ဆိုလိုက်သည်။ထိုကုထုံးကို ၂၀၀၄ ခုနှစ်တွင်အင်္ဂလန်န်ုင်ငံ အမျိုးသားကျန်းမာရေးနှင့်ကုသရေးဌာနက ထောက်ခံအတည်ပြုပေးခဲ့သည်။
သတိပဌ္ဋာန်နည်းကို ၂၀၀၀ ပြည့်နှစ်မှစ၍ သင်ကြားရေးတွင် စတင်အသုံးပြုလာကြသည်။
နယူးရောက်မြို့ မြောက်ဘက် မိုင် ၅၀ အကွာ ဟဒ်ဆန်မြစ်ကမ်းဘေးရှိ ဂယ်ရီဆင်ရိပ်သာ (https://www.garrisoninstitute.org) သည် ၂၀၀၄ခုနှစ်မှစ၍ သင်ကြားရေးဆရာ၊ဆရာမများအား သတိပဌ္ဋာန် အားထုတ်နည်းကို သင်တမ်းပေးလျှက်ရှိသည်။
အမေရိကန်တစ်ဝန်းရှိ စာသင်ကျောင်းများသည် သတိပဌ္ဋာန် သင်တန်းနည်းပြတစ်ဦးဖြစ်သော ဆူစန်ကိုင်ဇာ( www.susankaisergreenland.com)၏နည်းကို သင်ခန်းစာအဖြစ် ကျောင်းသားကျောင်းသူများကို ပို့ချလျှက်ရှိသည်။ကယ်လီဖိုးနီးယားပြည်နယ် အုတ်လန်းမူလတန်းကျောင်းတွင် သတိပဌ္ဋာန်သင်တန်းကို ရက်သတ္တပတ် ငါးပတ် ပို့ချပေးပြီး တစ်ပတ်လျှင် နှစ်ကြိမ် နည်းပြဆရာ ဆရာမများက ဝင်လေ၊ထွက်လေရှုမှတ်နည်းကို အနီးကပ်ပြသပေးသည်။
အင်္ဂလန်နိုင်ငံတွင်” ကျောင်းတွင်းသတိပဌ္ဋာန်” ဟုအမည်ပေးထားသည့် MiSP ဖေါင်ဒေးရှင်း( http://mindfulnessschools.org ) သည်၂၀၁၄ ခုနှစ်မှစ၍ ပညာရေးဝန်ထမ်းများကို ရက်သတ္တ ရှစ်ပတ်ကြာ သတိပဌ္ဋာန်သင်တန်း ပို့ချပေးပြီး သင်ရိုးညွှန်းတမ်းများကိုလည်း ပညာဒါနအဖြစ်ဖြန့်ဝေပေးလျှက်ရှိသည်။
အကယ်ဒမီဆုနှင့် ရွှေကမ္ဘာလုံးဆုရ အမေရိကန်ရုပ်ရှင်မင်းသမီး ဂိုလ်ဒီဟွန်းသည် “ဟွန်းဖေါငဒေးရှင်း” ကိုထူထောင်ပြီး”စိတ်ဓာတ်မြှင့်တင်ရေးသင်ရိုးများ”ဖြင့်မူလတန်းမှ အထက်တန်းကျောင်းသားကျောင်းသူများအား သတိပဌ္ဋာန်သင်တန်းများပို့ချပေးသည်။( www.thehawnfoundation.org/mindup )
သုတေသနအထောက်အထားများနှင့်သတိပဌ္ဋာန်
===============================
အရာရာကို လက်တွေ့အထောက်အထားများပေါ်တွင် အခြေခံ၍ ယုံကြည်လေ့ရှိသော အနောက်နိုင်ငံသားများအဖို့ သတိပဌ္ဋာန်၏အကျိုးကျေးဇူးကိုဖော်ပြနေသော အထောက်အထားများသည် တစ်စထက်တစ်စ ပိုမိုများပြားလာခဲ့သည်။
သတိပဌ္ဋာန်ကို သုတေသီတို့ အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးစားနေကြဆဲဖြစ်သည်။
အခိုက်အတန့်အားဖြင့် သတ်မှတ်ထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ” ကိုယ်နှင့်စိတ်တို့တွင် ဖြစ်ပေါ်လာသော ခံစားချက်များနှင့် အာရုံများကို ပေါ်သည့်အခိုက်တွင် အကောင်းအဆိုးမဝေဖန်ဘဲ သိရှိနေရန် အားထုတ်ခြင်း” ဟုဖြစ်သည်။ယင်းခံစားချက်များနှင့် အာရုံများ၏ ခေတ္တဖြစ်သောသဘော၊အကောင်အထည်မရှိသောသဘော၊ပုဂ္ဂလဓိဌ္ဋာန်သဘောတို့ကို ရှုမှတ်စေခြင်းဖြစ်သည်။ဘာသာရေးဆိုင်ရာ ရည်မှန်းချက်နှင့်ဦးတည်ချက်များမပါရှိချေ။
ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ် စိတ်ပညာဌာနမှ” နော်မန်ဖတ်ဘ်” နှင့်အဖွဲ့သည် ၂၀၁၀ ပြည့်နှစ်တွင်သတိပဌ္ဋာန်ရှုမှတ်သူများနှင့် မရှုမှတ်သူများအား ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော ရုပ်ရှင်ကားကိုကြည့်စေပြီး ဦးနှောက်၏အလုပ်လုပ်ပုံကို MRI ဖြင့်တိုင်းတာခဲ့သည်။သတိပဌ္ဋာန် မရှုမှတ်သူများသည် သတိပဌ္ဋာန်ရှုမှတ်သူများထက် စိတ်လှုပ်ရှားမှု ပိုမိုများပြားကြောင်း တွေ့ရှိခဲ့ကြသည်။ထိုတွေ့ရှိချက်မှ သတိပဌ္ဋာန်ရှုမှတ်ခြင်းသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
ဩစတေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်မှ” ရစ်ချတ်ချိန်ဘာ”နှင့်အဖွဲ့သည် ၂၀၀၈ ခုနှစ်တွင် သတိပဌ္ဋာန်အတွေ့အကြုံမရှိသေးသော လူပုဂ္ဂိုလ် ၂၀ တို့ကို ဆယ်ရက်ကြာ နေ့ရောညပါ သတိပဌ္ဋာန်ရှုမှတ်စေပြီးနောက် လတ်တလောအသုံးပြုသော ရေတိုမှတ်ဉာဏ် ပိုမိုထက်မြက်လာကြောင်း တင်ပြခဲ့သည်။
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ ဒေါက်တာ မာရီယာ နာပိုလီသည် အသက်ငါးနှစ်မှရှစ်နှစ်အတွင်းရှိ သူငယ်တန်းကျောင်းသားကျောင်းသူ ၂၂၈ ဦးတို့ကို တစ်ကြိမ်လျှင် ၄၅ မိနစ်ကြာ တစ်လလျှင်နှစ်ကြိမ် ခြောက်လကြာအောင် ရှုမှတ်ပြီးသောအခါ အာရုံစူးစိုက်နိုင်စွမ်းအားကောင်းလာကြောင်းကို ၂၀၀၅ခုနှစ်တွင်တွေ့ရှိခဲ့သည်။
ဘီဘီစီ၏ စာသင်ကျောင်းများဆိုင်ရာသတင်းကဏ္ဍ၌ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင်အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အရှေ့ပိုင်းရှိ” ကော့နော့” အမျိုးသမီးကျောင်း၌ ကျောင်းသူ ၂၂ ဦးတို့သည် ရက်သတ္တနှစ်ပတ် သတိပဌ္ဋာန်ရှုမှတ်အပြီးတွင် အာရုံစူးစိုက်မှု နှစ်ဆကျော် ကောင်းမွန်လာကြောင်းဖေါ်ပြခဲ့သည်။
စာရေးသူသည် ဗုဒ္ဓဘာသာမဟုတ်သော ဆေးကျောင်းသားကျောင်းသူ ၂၆ ဦးတို့အားရက်သတ္တနှစ်ပတ်ကြာ သတိပဌ္ဋာန်ရှုမှတ်စေပြီးနောက် လတ်တလော ရေတိုမှတ်ဉာဏ် ပိုမိုကောင်းမွန်လာကြောင်းတွေ့ရှိခဲ့သည်။ထိုတွေ့ရှိချက်ကို ၂၀၁၈ ခုနှစ် ၆၄ ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံတွင် ဖတ်ကြားတင်ပြခဲ့သည်။
ဖော်ပြခဲ့သည်များသည် ဆယ်စုနှစ်လေးခုအတွင်း တွေ့ရှိခဲ့သမျှသော သတိပဌ္ဋာန်၏ ပညာသင်ယူခြင်းဆိုင်ရာ သုတေသနအထောက်အထားများအနက်မှ အချို့ဖြစ်ကြသည်။
စင်စစ် အနောက်န်ုင်ငံမှ သုတေသီများသည် သတိပဌ္ဋာန်ဟူသော ရွှေတောင်ကြီး၏ မျက်နှာပြင်ကို ဆူးတစ်ချောင်းဖြင့် ခြစ်မိရုံမျှသာ ပမာဏကို တွေ့ရှိကြခြင်းဖြစ်သည်။
သတိပဌ္ဋာန်နှင့်တို့မြန်မာ
================
သတိပဌ္ဋာန်ကျင့်စဉ်သည် စာရေးသူတို့မြန်မာလူမျိုးများ အလေးအမြတ်ထားသော မြင့်မြတ်သော တန်ဖိုးရှိသော ကျင့်စဉ်ဖြစ်သည်။
မဟာစည်ဆရာတော်ကြီးက “ဝိပဿနာရှုနည်းအကျဉ်းချုပ်” ကျမ်းတွင်သတိပဌ္ဋာန်၏ဂုဏ်ကျေးဇူးကို “ရာဂ၊ဒေါသ၊မောဟ အစရှိကုန်သော ကိလေသာအညစ်အကြေး ဟူသမျှမှလည်း သန့်ရှင်းစင်ကြယ်၏။စိုးရိမ်ပူဆွေးမှုဟူသော သောက၊ငိုကြွေးမြည်တမ်းမှု ဟူသော ပရိဒေဝတို့ကိုလည်း လွန်မြောက်၏။ကိုယ်ထဲ၌မခံသာခြင်း၊ဆင်းရဲခြင်းဟူသော ဒုက္ခ၊စိတ်ထဲ၌ မခံသာခြင်းဟူသော ဒေါမနဿ တို့လည်း ချုပ်ငြိမ်း ကင်းပျောက်ကုန်၏” ဟုဖော်ပြတော်မူ၏။
ဤဆောင်းပါးဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့မြန်မာလူမျိုးတို့သည် ကုသိုလ်ကံထောက်မသဖြင့် သတိပဌ္ဋာန် တည်းဟူသော ရတနာကို လက်ဝယ်ပိုင်ပိုင် ရရှိထားကြပြီးဖြစ်သည်။လက်ဝယ်၌ ရောက်ရှိပြီးသော ထိုရတနာကို ပညာရေးအပါအဝင် အခြားသော လူမှုရေးရာတို့၌ အကျိုးရှိစွာ အသုံးပြုနိုင်ကြစေရန် တင်ပြလိုရင်းဖြစ်ပါသည်။
( ကြေးမုံသတင်းစာ၊ ၂၅-၁၀-၂၀၁၈။)