Thursday, April 25, 2019

ချစ်သူအိမ်အမိုးနောက်မှာ လပျောက်ခဲ့ခြင်း (တက္ကသိုလ်ဘုန်းနိုင်)




ဝီလျှံဝါဒ်ဝါတ်(သ်) ရဲ့ လူစီ ကဗျာစု ( William Wordsworth: Lucy poems)






Strange fits of passion have I known
            And I will dare to tell,
But in the Lover's ear alone,
           What once to me befell.


ကြုံခဲ့ဘူးပါ၏
ရင်ဦးမှာ လာ၍မျက်သည့်
ရမ္မက် ဒဏ်ကြွင်း။

ချစ်သူရယ် သူ့တနားတွင်မှ
နှစ်ကိုယ်ကြား ဝန်ခံလိုခဲ့
ကြမ္မာညို ဗျာပိုဝှေ့သည့်
ကိုယ်တွေ့အခင်း။ ။


When she I loved looked everyday,
          Fresh as a rose in June,
I to her cottage bent my way,
           Beneath an evening moon.


ဇွန်လခါ နှင်းဆီပန်းသို့
နေ့တိုင်းလန်းသည့် ချစ်သောသူ
မွှေးကြူသန့် ရှုမရဲ။

ချစ်သူ့တောအိမ်
ခရီးချိန် ငါကွေ့တော့
ချမ်းမြေ့သော ညနေမှာ
လစန္ဒာက ထွက်ပြူဆဲ။ ။


Upon the moon I fixed my eye,
          All over the wide lea:
With quickening pace my horse drew nigh
         Those paths so dear to me.

လမင်းဆီ မျက်လုံးစိုက်၍
အလိုက်သင့် ငါနှင်လာ
မြက်ကမ္ဗလာ မြေတကြော။  ။

ငါ့မြင်း၏ခြေ
နီးလေလေ ပိုပိုသွက်၍
ချစ်မက် ငါကြင်သည့်
သံယောဇဉ် မြိုင်ခြေလမ်းဆီ
လှမ်းကပ်ပြီကော။  ။။


And now we reached the orchard plot;
          And we climbed the hill,
The sinking moon to Lucy's cot
          Came near and nearer still.

ငါ့မြင်းနှင့် ငါလေ
ရောက်ခဲ့ပေ ဥယျာဉ်မြ
လမ်းစခရီး။

တောင်ကိုတက်ပြန်တော့
အထက်မှနိမ့်လျှောကာ
လစန္ဒာသူ့အိမ်မိုးဆီ
ထိုးသက်ကပ်နီး။  ။


In one of those sweet dreams I slept,
            Kind Nature's gentlest boon!
And all the while my eyes I kept
On the descending moon.

အိပ်မက်တကာ့ အိပ်မက်မှာ
ကြင်နာသူ သဘာဝတရားက
ပေးသနားသော ဆုမင်္ဂလာ
အသာယာတည့် အသာယာဆုံး။

ကိုယ့်ချစ်သူအိမ်ခေါင်မိုးသို့
ထိုးဆင်းနေသည့် လမင်းဆီ
မယွင်းပါ  ငါသတိနှင့်
ရှုမိမိ တချိန်လုံး။  ။

My horse moved on; hoof after hoof
             He raised, and never stopped:
When down behind the cottage roof,
             At once, the bright moon dropped.

တစ်ခွါချီတစ်ခွါချနှင့်
တစ်ခဏငါ့မြင်းမူ
နားမယူ ဆောင်ကြဉ်း။

အဲသည်တုန်း.......
ဗြုန်းဆိုထိန်ထိန်တောက်ရာမှ
ချစ်သူ့့အိမ်အမိုးနောက်မှာ
လပျောက်ခဲ့ခြင်း။  ။

What fond and wayward thought will slide
                into a lover's head!_
" Oh, mercy! " to myself I cried,
" If Lucy should be dead!"

ချစ်သူတို့ ဦးနှောက်တွင်
အတွေးယဉ် သူဗွေဖောက်၍
ရူးနောက်နောက် ဝင်တတ်၏။

ဖွဟဲ့....လွဲပါစေ
အခုနေ သူလေးများ
သေလို့သာဘဝခြားမှဖြင့်
အို...ဘုရား...ဘုရား
ငါ့ဘာသာ တစ်ကိုယ်ကြားမျှ
အော်များအော်မိ။  ။

I traveled among unknown men,
        In lands beyond the sea:
Nor, England! did I know till then
         What love I bore to thee.

သူစိမ်းဆိုလူတွေကြား
ရေခြားတမြေပြင်၌
ခရီးနှင် ငါတစ်ယောက်
ရောက်ခဲ့ရမိ။

အို...မိခင်နိုင်ငံ
တရံဆံမြေ မရောက်ခင်က
ဘယ်လောက်ကွယ် သင့်အတွက်
ငါချစ်မက်ရင်၌သယ်
တာတွယ်ကြောင်း ငါမသိ။  ။

Tis past, that melancholy dream
           Nor will I quit thy shore
A second time: for still I seem
           To love thee more and more.

စိန်မှုန်ရီ
အတိတ်ဆီအိပ်မက်များ
စွန့်ထားလိုက်၏။

သင့်ကမ်းခြေ
နှစ်ခါလေ ငါမစွန့်ပြီ
ဝေးစွန့်တစ်မြေတွင်မှ
သံယောဇဉ် ခိုင်အမြစ်နှင့်
သင့်ကိုလေ ငါ့အဖြစ်က
ပိုချစ်နေမိ။  ။

Among thy mountain did I feel
             The joy of my desire;
And she I cherished turned her wheel
             Beside an English fire.

သင့်တောင်တန်းတစ်နေရာ
ငါ့အာသာဆန္ဒ၏
လွမ်းရသော ဣဌာရုံ
လှမ်းဆုံလို့ ငါခံစား။

တို့ထုံးစံ
ခုန်မီးလျှံပုံနံဘေးမှာ
ငါလေးမြတ်ချစ်သောသူ
ချားလက်ကူလှည့်သဖြင့်
ဗိုင်းငင့်နေမလား၊  ။

Thy mornings showed, thy nights concealed
             The bowers where Lucy played,
  And thine too is the last green field
              That Lucy's eyes surveyed.

လူစီပျော်သည့် ကွန်းညိုညို
နံနက်ဆို သင်ဖော်ပြ
ညကျတော့ သင်ဖုံး။

လူစီရယ် နောက်ပိတ်ဆုံး
မျက်လုံးများ မျှော်ကြည့်ရှာ
သင်ပိုင်ရာလွင်မြေလှက
မြသို့တနှုန်း။  ။

Three years she grew in sun and shower,
Then nature said, " A lovelier flower
On earth was never sown;
This child I to myself will take;
She shall be mine, and I will make
A lady of my own.

နေရောင်ရယ် မိုးစက်တွင်းမှာလ
ကြီးပြင်းခဲ့တဲ့ ငါ့သက်ဝေ
သုံးမိုး သုံးနွေ။

သဘာဝကလေ
ဆိုပေရဲ့ ဝံ့ကြွား။
"သူ့ထက်ကဲယဉ်
ချစ်ခင်ဖွယ် တပွင့်ပန်းကိုမျှ
မြေနန်းတွင် မစိုက်ဖူးပါကွဲ့
သည်တစ်ဦး ငါ အပိုင်ယူအံ့
ငါ ပိုင်မူ ငါ့ဆန္ဒနှင့်
စိတ်တိုင်းကျ ငါ့ပုံလျာ
သဘာဝထိပ်ထား"။  ။

"Myself will to my darling be
Both law and impulse; and with me
The girl, in rock and plain,
In earth and heaven, in glade and bower
Shall feel an overseeing power
To kindle or restrain"

"ငါလျှင်ကွယ် ငါ့ထိပ်ထား၏
ဓမ္မတရားဥပဒေ
ဇီဝအား မြုတေ။
ကျောက်တောင်ထက်နေနေ
လွင်မြေပြန့်နားနား။
လူသားပြေတစ်ခွင်နှင့်
ကောင်းကင်ပြင် ဘယ်မခြား
တောကြားလွင်စိုနှင့်
ကွန်းရိပ်ညိုပင်တိုင်နန်း
ဘယ်မှာပင်သူစံမြန်းလည်း
ချစ်လျှပ်ပန်းမျက်တွင်းဝေ
ဣန္ဒြေထိန်းချိန်ထိန်း
ခပ်သိမ်းကုန်ပိုင်နိုင်စိုးသည့်
တန်ခိုးသူ ကိုယ်မှာတွေ့မည်
ထူးပေ့ စိတ်အား"။  ။

She shall be sportive as the fawn
That wild with glee across the lawn,
Or up the mountain springs;

And hers shall be the breathing balm,
And hers the silence and the calm
Of mute insensate things.

မြက်ခင်းပြင်ခုန်ဆွမြူး
တောင်ထိပ် ဦးစန်း၌ရွှင်
ပေါက်စသမင်။
မာယာကျော့ရစ်ဆင်
ချော့ငင်ညိှု့ပုံမယွင်း။
ထင်မမှားပါနှင့်
တစ်ပါးနတ်မူရာက
သိဓ္ဒိပြာရှင်သည့်ရေးငယ်ကြောင့်
ဘဝင်သာကြည်မြအေးပေလိမ့်
မြတ်လေးငြိမ်တစ်သန္တိရယ်နှင့်
ဗျာပါမရှိသည့်အဝိညူ
အပြစ်မြူ သီမခသည့်
ဇောဆန္ဒကင်း။  ။

" The floating clouds their state shall lend
To her; for her the willow bend,
Nor shall she fail to see
Even in the motions of the storm
Grace that shall mould the maiden's form
By silent sympathy."

"လေဟုန်စီးသည့် တိမ်တိုက်ဖြူ
ခဏယူ ဘဝငှါးမည်
သနားကြသည်။

မိုးမခပင်စည်
ချစ်ကြည်၍ သူညွှတ်ပေး။

သူမရိုင်းစေရ
မုန်တိုင်းရယ် အဟုန်တွင်းသော်မှ
ရှင်ရင်းမြတ်ဘဂဝါ၏
ကရုဏာဂုဏ်တော်ပန်းကို
မျှော်မှန်းဆင်ခြင်နိုင်လိမ့်
အပျိုစင်တော်ဝင်ကြောင်း
ပုံလောင်းဖော်ဆိုသည့်
ဗြဟ္မစိုရ်မေတ္တာမြတ်က
ဘဝင်ဆိုသူ့နာမ်ဓာတ်မှာ
ကိန်းဝပ်ငြိမ့်အေး"။  ။

"The stars of midnight shall be dear
To her: and she shall lean her ear
In many a secret place
Where rivulets dance their wayward round,
And beauty born of murmuring sound,
Shall pass into her face."

သန်းခေါင်ဝယ် ညီလာကျင်းသည့်
ကြယ်မင်းများဆင်းသရေ
သူချစ်လိမ့်လေ။
စမ်းလက်တက်ခရီးကျွံခွေ
လျှို့ဝှက်မြေသူကပ်ချဉ်း။
ကခုန်စီးလျှင်
စမ်းမြယဉ် ဂီတတေးကို
သူလေး နားတော်ဆင်လိမ့်
တိုးညင်ညင်သံသာများမှ
ပေါက်ဖွားသော အလှဝိညာဉ်
သူ့ပါးပြင်ကူးကာဆက်မည်
ပြုံးလက်လက်ဝင်း။  ။

"And vital feelings of delight
Shall rear her form to stately height,
Her virgin bosom swell;
Such thoughts to Lucy I will give
while she and I together live
Here in this happy dell."

"ဘဝကို အသက်သွင်းသည့်
ဝမ်းမြောက်ခြင်းပီတိရည်
ဖန်တီးဆောက်တည်။
သူ့ကိုယ်လှနန်းဆန်မည်
သွယ်ရှည်နွဲ့ကြော့ရှင်း။
ကြာပန်းပဒုံ
ပြိုင်စွင့်မိုငုံလိမ့်
အပျိုဂုဏ်နှစ်ခိုင်တင့်အောင်ပ
အသင့်ငါဖန်မည်ကွဲ့
ငါကြံစည်စေတနာဆုကိုလ
ဖြူနုကို အကုန်ပေးပါအံ့
ပျော်ရေးဝေလှိုင်သည့်
ဤလျှိုမြိုင်အတူတွဲ၍
စံနွှဲချိန်တွင်း"။  ။

Thus Nature spake__The work was done__
How soon my Lucy's race was run!
She died, and left to me
This heath, this calm, and quiet scene,
The memory of what has been,
And never more will be.

ဤသို့လျှင် သဘာဝက
ပြောပြ၍ ကတိတည်
ပြီးမြောက်ကွက်လည်။
ဪ...သူ့ဘဝပြေးလမ်းသည်
မရှည်ခဲ့လေခြင်း။
ချစ်သောလူစီ
မရှိပြီဘဝခြားခဲ့ပေါ့
ငါ့တွက်တော့ တောနှင့်ချုံ
ချမ်းရိပ်မြုံသုဉ်းဆိတ်ဆိတ်
ငြိမ်တိတ်သည့် ရှုမျှော်ခင်း။
သည်သင်း သည်အပြင်တော့
ယခင်ဆို ဟိုအတိတ်က
လွမ်းစိတ်ဖွဲ့မှတ်သညာ
သည့်ထက်ဘာ ပိုမိုဆင့်၍
ကျန်လင့်လိမ့်မင်း။  ။

She dwelt among the untrodden ways
Besides the Springs of Dove,
A maid whom there were none to praise
And very few to love:

လူနင်း၍ ဖောက်ကာသွယ်
ခြေလမ်းများ အလယ်က
ချိုးငှက်ငယ်စမ်း။

သည်နံဘေးမှာလ
သူလေးစံရှာတော့
ဘယ်မှာလာ ဘယ်သူမြှောက်ပေလိမ့်
တစ်ယောက်ရယ် ချစ်သူရှားတယ်
တောကြားကပန်း။  ။

A violet by a mossy stone
Half hidden from the eye.
__ Fair as a star, when only one
Is shining in the sky.

ရေညှိပင်ညိုဖုံးသည့်
ကျောက်တုံးဘေး ထိုမျက်ကွယ်
စံပယ်ရိုင်းပုံလား။  ။

ကောင်းကင်ဝယ်
တစ်ပွင့်ရယ် တစ်ကိုယ်တည်း
သူ့ချည်းကွယ် သူတောက်ထွန်းမှ
ရွှန်းသည့်ကြယ်မွှား။  ။

She lived unknown, and few could know
When Lucy ceased to be;
But she is in her grave, and, oh,
The difference to me!

သက်ရှိသဉ် မထင်ရှား
ဘဝခြားပြန်တော့ ဤလူ့နယ်
ဘယ့်နှယ်ကွယ် သိမည်နည်း။

ငါ့တွက်တော့
သေခြင်းရွာသူစံတော့
မတူပြန်ရှေးခါများနှင့်
(ကွယ်)ကွာခြားချက်ကြီး။  ။

A slumber did my spirit seal;
           I had no human Fears:
She seemed a thing that could not feel
            The touch of earthly years.

တွေဝေငိုင်တစ်နိဂုံးက
ပိတ်ဖုံးစို့ ငါ၏ရင်
ဝိညာဉ်၌ မကြောက်တရား။

သူလည်းလေ
ဤလူ့ရွာမြေက
ဝေဒနာ ဘယ်တရားကိုမျှ
မခံစား မထင်သာပေါ့
န အတ္တာ
သစ်တတုံးသို့
သုဉ်းခဲ့ပါကလား။  ။

No motion has the now, no force;
        She neither hears nor sees;
Rolled round in earth's diurnal course,
        With rocks, and stones and trees.

လှုပ်ရှားမှုနှင့် စွမ်းအင်
ဘဝင်္ဂပတော။

အကြားအမြင်စဲပြီမို့
ကျောက်ခဲကျောက်ဆောင်နှင့်
တောတောင်ရေမြေများ
ရဟတ်ခြားတစ်နေရှည်မျှ
ကမ္ဘာလည် ထိုခရီးမှာ
(ကွယ်) စီးလိုက်ပါမျော။  ။