ကျွန်တော်လွှတ်လိုက်တဲ့
စွန်ကလေးက
ကျောပိုးအိပ်ကလေးလွယ်လို့
လက်ပြနှုတ်ဆက်။
ကျွန်တော့်မျက်စိထဲဝေ့ဝဲလာတာ
ဝမ်းနည်းမျက်ရည်လား
ဝမ်းသာမျက်ရည်လား
မသဲကွဲဘူး။
အို..
သူလေးကျွန်တော့်ကို
စပြီးခွဲသွားတော့မှာပဲ သိနေတယ်။
စုန်ရေရဲ့သဘောကိုက
ခွဲခွါခြင်းပဲလေ
မြင့်မြင့်ပျံစေချင်ရင်
ဝေးဝေးကိုလွှတ်နိုင်ရမယ်မဟုတ်လား။
အဖေ့ထက်သားကတော်ရမတဲ့။
အဖေ့ဆုံးမစကားနဲ့
ကြယ်တရားနာပြီးအဖေ့ကိုထားခဲ့
အခုကျွန်တော့်ကို
အဖေ့မြေးကထားခဲ့တော့မယ်အဖေ။
ခိုင်ကြည်သစ်
(၇ ရက်နေ့စဥ်သတင်းစာ၊၂-၉-၁၇)
No comments:
Post a Comment