လွမ်းမပြေ မန်းမြေ တမိတော့
ကမ်းခြေမှာ စမ်းရေစရယ်နဲ့
ဖျန်းလေက တသုန်သုန်။
တဲတဖက်
ဆွဲဖျက်ကာ အရင်လိုရော့ထင်
ကရင်အို ယာပြင်ကြီးမှာ
မီးထဲ့လို့လှုံ။
မပူပေါင် နောက်ဆီက ချမ်းရော့ထင်
အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းတဲ့လို့ လွှားကာခြုံ
ပါးမှာ ငုံပါတဲ့ ငုရွှေကွမ်း။
ဘေးအိတ်ကယ်လျှို
ဆေးလိပ်တို နားမှာထိုးပါလို့
တောင်ရိုးမှာ ဘာသာသူတို့
ကွင်းအငူ နှင်းမြူက စဲချိန်မို့
အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်စခန်း။
အချုပ်တန်းဆရာဖေ
( သတ်ပုံ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ပါ မူရင်းအတိုင်း)
No comments:
Post a Comment