သည်စခန်းဆီက မော်မြေမှာ ဇော်ဖေပျောက်ပါလို့
ပတ်ဝန်းဘယ်ညာ မျှော်တော့၊ ဗားမောက်ခဲ့ စေတနာ
အပြာယော် တောင်မြင့်မားငယ်တို့ ကူရာဇာ ခြေတော်ရင်း။
ခံ့ညားစွာ စီရရီပါ့၊
သည်ဆီမှာ သည်အလှကိုဖြင့် ဘယ်သို့လွမ်းရပါ့၊
မလေးမောင် မြင်လာရလေတော့ မျှော်မှန်းလေရာရာ၌
ရင်ဝမှာ တခုန်ခုန်နှင့် လွမ်းစရာ့ အပြည့် များပါဘိ၊
မကြုံရာ ထွေလာတွေးကာပါ့ အောက်နားမှာ ငွေသာခွာသို့
ငေးမိခဲ့ တကိုယ်သာ။ ယဉ်ဧရာ ဖြူဖြူဖွေးရယ်က
တောင့်ဘေးမှာ ခွေကာလည်တော့၊
တောင်အထွတ်မှာလ ခရီးသည် ဟိုအကွေ့ကိုဖြင့်
ဖြူဆွတ်သည့် ငွေစေတီနှင့် ကျော်၍သာ မမြင်ရသော်လဲ့
တောင်ခြေဆီ ညိုရောင်ရင့် မျှော်၍သာ အထင်ဖြင့်လှခဲ့ပေါ့၊
လွမ်းချင့်စရာ။ သာစွငယ် ကူတော်မြေက
နေနီနီ ရီလို့လွမ်းခါမှ
မြေမြင့်လှိုင်း ဖေဂျီမှာ သည်အလွမ်းရယ်နှင့်
သင်တိုင်း အပြာဆင်နှင့် လှမ်းခဲ့သက်ဆင်း။ ။
ဈာန်ဝင်ကာ မာန်အင် ကျင်းရော့သလာ့၊
ရှူယင်း မျှော်တွေးကာဖြင့် ဇော်ဂျီ
တာရာမဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၅
(သတ်ပုံမူရင်းအတိုင်း)
No comments:
Post a Comment