ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
( ၁ )
ဖြည်းဖြည်းညင်ညင်၊ ထွန်ရေးငင်သည်၊
လယ်ရှင်ယောက်ျား၊ တစ်လူသားတည့်။ ။
ခေါင်းခြေလှုပ်ရှား၊ တိမ်းကပါးဖြင့်၊ ရုန်းအားမပို၊ သူ့မြင်းအိုနှင့်။ ။
လူကလည်းငိုက်၊ မြင်းလည်းငိုက်နှင့်၊ စရိုက်ဘာသာ၊
ချမ်းသာစွာ၏။ ။
( ၂ )
အလျှံမပါ၊ ရေးရေးသာတည့်၊ နေစာညွန့်မြက်၊
အပုံထက်မှ၊ တိုးတက်အူအူ၊ လယ်ခိုးလူလျက်။ ။
အဝေးဆီဝယ်၊ တော၏မယ်လည်း၊ သက်လှယ်သခင်၊
မောင်နှင့်ယှဉ်၍၊ တိုးညင်ချစ်ခွန်း၊ ပျံ့ပျံ့မွှန်းရှင့်၊ ။
( ၃ )
ပလ္လင်နန်းမြိုင်၊ ရာထီးဆိုင်တို့၊ မခိုင်ပျက်ယွင်း၊ နိစ္စကင်း၏။ ။
မော်ကွန်းဝှဲလှိုင်း၊ စစ်သမိုင်းလည်း၊ မှုန်မှိုင်းညနှယ်၊
ပျောက်၍ကွယ်လိမ့်။ ။
မြင်းအိုသခင်၊ လယ်ကြီးရှင်နှင့်၊ လယ်ပြင်မီးခိုး၊
လယ်မျိုးလုံမ၊ လုလင်လှ၏၊ သာစွဂုဏ်ပေါင်း၊ လူ့ဇာတ်ကြောင်းသည်၊
မဟောင်းကမ္ဘာကုန်ကျယ် ဆက်လိမ့်တည်း။ ။
တက္ကသိုလ်ဘုန်းနိုင်
၂၅-၆-၆၆
IN TIME OF “THE BREAKING OF NATIONS”
1
ONLY a man harrowing clods
in a slow silent walk
With an old horse that stumbles and nods
Half asleep as they stalk.
2
Only thin smoke without flame
From the heaps of couch-grass;
Yet this will go on ward the same
Though Dynasties pass.
3
Yonder a maid and her wight
Come whispering by:
War’s annals will cloud into night
Ere their story die.
THOMAS HARDY