Saturday, November 16, 2024

ကမ္ဘာကုန်ကျယ်သရွေ့ဝယ်

 


                ကမ္ဘာကုန်ကျယ်သရွေ့ဝယ်


( )

ဖြည်းဖြည်းညင်ညင်၊ ထွန်ရေးငင်သည်၊

လယ်ရှင်ယောက်ျား၊ တစ်လူသားတည့်။ 

ခေါင်းခြေလှုပ်ရှား၊ တိမ်းကပါးဖြင့်၊ ရုန်းအားမပို၊ သူ့မြင်းအိုနှင့်။ 

လူကလည်းငိုက်၊ မြင်းလည်းငိုက်နှင့်၊ စရိုက်ဘာသာ၊

ချမ်းသာစွာ၏။ 

( )

အလျှံမပါ၊ ရေးရေးသာတည့်၊ နေစာညွန့်မြက်၊

အပုံထက်မှ၊ တိုးတက်အူအူ၊ လယ်ခိုးလူလျက်။ 

အဝေးဆီဝယ်၊ တော၏မယ်လည်း၊ သက်လှယ်သခင်၊

မောင်နှင့်ယှဉ်၍၊ တိုးညင်ချစ်ခွန်း၊ ပျံ့ပျံ့မွှန်းရှင့်၊ 

( )

ပလ္လင်နန်းမြိုင်၊ ရာထီးဆိုင်တို့၊ မခိုင်ပျက်ယွင်း၊ နိစ္စကင်း၏။ 

မော်ကွန်းဝှဲလှိုင်း၊ စစ်သမိုင်းလည်း၊ မှုန်မှိုင်းညနှယ်၊

ပျောက်၍ကွယ်လိမ့်။ 

မြင်းအိုသခင်၊ လယ်ကြီးရှင်နှင့်၊ လယ်ပြင်မီးခိုး၊

လယ်မျိုးလုံမ၊ လုလင်လှ၏၊ သာစွဂုဏ်ပေါင်း၊ လူ့ဇာတ်ကြောင်းသည်၊

မဟောင်းကမ္ဘာကုန်ကျယ် ဆက်လိမ့်တည်း။ 


တက္ကသိုလ်ဘုန်းနိုင်

၂၅--၆၆










IN TIME OF “THE BREAKING OF NATIONS”


1

ONLY a man harrowing clods

in a slow silent walk

With an old horse that stumbles and nods

Half asleep as they stalk.


2

Only thin smoke without flame

From the heaps of couch-grass;

Yet this will go on ward the same

Though Dynasties pass.


3


Yonder a maid and her wight

Come whispering by:

War’s annals will cloud into night

Ere their story die.


THOMAS HARDY 




No comments:

Post a Comment