Sunday, December 7, 2025

ဆရာကြီးဦးကိုလေး(အင်းဝဂုဏ်ရည်) ၏ နောက်ဆုံးရေးဖွဲ့ခဲ့သောကဗျာ

 သိင်္ဂါရ

"""""""""""

သံစဉ်မိုး

ပိုးစောင်းသံ

ညဉ့်ဦးယံ

လူခြေတိတ် 

ဖိတ်ကျလာတဲ့

လွမ်းကာရန်။ 

ကွဲကွာခြင်း 

အပူဒဏ်

ဘယ်သူ

လာ

ခံစေသနည်း။

အမုန်းဆိုတဲ့အခါးဒဏ်

ဘယ်သူ

ဖန်လေသနည်း။

ချစ်သူတို့

ဖဝါးအောက်

ပန်း

ပေါက်စေ

သတည်း။



                                           ကိုလေး

                                   (အင်း၀ဂုဏ်ရည်)

                                     (၁၆၊၁၁၊၂၀၂၅)


ဆရာကြီး၏ စာကြောင်းစီပုံအတိုင်း ကူးယူထားပါသည်။

ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ၁၉၃၆ ခုတွင်ဖွားမြင်ပြီး၂၂-၁၁-၂၀၂၅ ရက်နေ့တွင် တံတားဦးမြို့နေအိမ်တွင်ကွယ်လွန်ခဲ့ပါသည်။



                      (မူရင်းဓာတ်ပုံပိုင်ရှင်အား Credit ပေးပါသည်။)






No comments:

Post a Comment